အချိန်ပေါ့နော်

ဒီလောက်လာ ကြည့်ပြီးပြီ

ကျတော့် ဘော့ List

ကျတော့် အကြာင်းလေးတွေ

ကျတော်ကတော့ Blogger တစ်ယောက်
ဖြစ်ဖို့ ကြိုးစားနေတဲ့ လူငယ်တစ်ဦးပါ အကြံအဥာဏ်များပေးပို့ နိုင်ပါတယ်...

စာဖတ်နေတယ်..တိုးတိုးလေးနေ

Cry On My Shoulder

ယနေ့ ကြွလာမိတ်သဟာ ချမ်းသာကိုယ်စိတ် မြေ့ပါစေ



Untitled Document









Blogger လောကမှ ခေတ္တအနားယူခြင်း


ကျတော် ကျော်လင်းထွန်း စာမေးပွဲဖြေဖို့ ဘလော့ဂ် ရေးသားခြင်းကို လောလောဆယ် ရပ်နားထားပါမည်..ကျတော့်ကို အမြဲ တမ်း Tag တဲ့ ချင်းမလေးကိုလည်းပြောပေးကြပါ..သူ Tag ထားတဲ့ Post တွေကို မရေးနိုင်သေးပါဘူးလို့ ...သူကတော့ Tag တယ်..ကျတော်က တော့ ဘယ်တော့မှ မရေးဖြစ် ဘူး ကျတော့် ကိုတော့စိတ်ကောက်နေတော့မှာပါပဲ....


စိတ်မကောက်ပါနဲ့ (စိတ်ကောက်ရင် လိပ်ပေါက်နဲ့ တွေ့ မယ်လို့ )


ချင်းမလေးကိုတော့ ပြောပြချင်ပါတယ်..


ဟေး ချင်းမလေး Online ကိုသိပ်မတက်နဲ့  Online ကြီးကျိုးကျမယ်.. တနေ့ တခြား ၀ ၀ လာတယ်..စာတွေလည်းလုပ်အုံး နောက်ဆုံးနှစ်နော်..ဟင်းဟင်း ငါမပြောချင်ဘူး..သူ့ ကို Online မှာတွေ့ ရင် ဒီလိုမျိုးပြောပေးကြပါနော်..


ကျတော့်ရဲ့ Blogger သူငယ်ချင်းများအားလုံးအတွက်


ကျတော် Blog Post တွေ မရေးနိုင်သေးဘူးဗျာ..ကျတော် Blogger လောကထဲကိုဝင်လာတာ ၁ နှစ်ကျော်ရှိပါပြီ..ဘာမှ လည်း အကျိုးမရှိသေးဘူး.. နောက်ထပ် ကျတော် Blogger လောကကိုပြန်ဝင်လာတာနဲ့  Blogger တိုင်းအတွက် လိုအပ် မယ့် Post တွေ လိုအပ်မဲ့ Data တွေ ပြီးတော့ လာကြည့်တဲ့သူတွေ ကနေပြီ တော့ကျတော့် ကို အကြံ ပေးကြပေါ့နော်.. ဘာတွေ တင်ပေးရမယ်ဆိုတာတွေ ကို ..(ခုတော့မရသေးဘူးပေါနော်..ဟီးဟီး) ..စာမေးပွဲက ၁၁ လပိုင်း ပထမ အပတ် ထိ ရောက်သွားမယ်ထင်တယ်..စာမေးပွဲရက်တွေ ပြောင်းထားတယ်ပြောတယ်..ကျတော့် ကို စာမေးပွဲဖြေနိုင်အောင်ဆုတောင်း ပေးကြပေါ့ဗျာ...အားလုံးကို ကျေးဇူးအထူးတင်လျက်....


ဒါကြောင့် ကျော်လင်းထွန်း စာကျက်နေသည်





















ဆယ်လပိုင်း၅ရက်နေ့ မှာကျရောက်တဲ့ ကျနော့ရဲ့ အသက်၂၁ပြည့်တဲ့ မွေးနေ့ မင်္ဂလာမှာ
အခုလိုကြွရောက်လာကြတဲ့ သယ်ရင်းများအားလု့းကိုလှိုက်လှဲစွာကြိုဆိုပါတယ်ခင်ဗျာ....
ကျနော်အခုအသက်၂၁နှစ်ပြည့်ပါပြီ..ဟီး..လူကြီးဖြစ်ပြီဗျ...
ဘာကိုဆိုလိုလဲအားလုံးသိကြမှာပါ..တကယ်တော့ကျနော့မွေးနေ့ ကမနေ့ ကပါ
မအားတာနဲ့ ပို စ့်တောင်မတင်ဖြစ်ဘူး...မနေ့ ကကျနော့သယ်ရင်းချင်းမလေးကိုမုန့် လိုက်
ဝယ်ကျွေးနေရလို့ လေ...
ဘလော့ဂ်မှာမွေးနေ့ ပွဲလေးမကျင်းပလိုက်ရမှာစိတ်မကောင်းလို့ ဒီနေ့ တရက်နောက်ကျ
သွားပေမယ့်ကျင်းပဖြစ်အောင်ကျင်းပလိုက်ရပါသေးတယ်....
အားလုံးပဲသုံးဆောင်သွားကြပါနော်..အားမနာကြပါနဲ့ ..ကို့ အိမ်လိုသဘောထားပြီး
အားရပါးရစားသွားကြပါဗျာ..အပြင်မှာဆိုရင်တောင်ဒီလောက်ကျွေးနိုင်မှာမဟုတ်ဘူး
ဂျ...ဟီးဟီး .... :P :P
အော်..မေ့လို့ ..မွေးနေ့ လက်ဆောင်ပေးမယ်ဆိုရင်လဲစိတ်မဆိုးဘူးဂျ
သားသားကချိတ်ချိုးတတ်ဝူး...ဟီးဟီး...မနေ့ ကချင်းမလေးကိုကျွေူးတာဘာမွေးနေ့ 
လက်ဆောင်မှမရလိုက်လို့ ..ဟီး..သူ့ ကိုသွားပြန်မပြောနဲ့ နော်...ရှူး..တိုးတိုး.. :P :P


ဒီသီချင်းလေးကတော့ကျတော် ချစ်နေတဲ့ ကောင်မလေးကိုရည်ရွယ်ပါတယ်...

(အားလုံးလည်းကြိုက်ကြမှာပါ)







Open In New Window!!

ဒီသီချင်းလေးကို So Close ဇာတ်ကားကြည့်ပြီးတည်း ကကြိုက်ခဲ့တာပါ..ရှာရင်းဖွေရင်း တွေ့ ခဲ့လို့ ပြန်လည်တင်ပြ လိုက်ခြင်းဖြစ်ပါတယ်..









Open In New Window(Window အသစ်တွင်ကြည့်ရန်)

ကောင်မလေးတယောက်ကိုချစ်နေပြီ
ဘယ်လိုဖွင့်ပြောရင်ကောင်းမလဲ? :)

ဘယ်ချိန်ဖွင့်ပြောရမလဲ
ဘယ်လို ပြန်ဖြေမလဲ :(

သူကတော့ ချစ်ဖို့ ကောင်းတယ်..
သူကတော့ ကြင်နာတက်တယ်.. (ကျတော့်အပေါ်ပေါ့) :)

သူ့ ကို ကျတော်ချစ်ပါတယ်..
သူ့ ကို ကျတော် မြတ်နိုးပါတယ်..:)

သူကခုတော့ ကျတော့ဘေးမှာ မရှိ
သူ့ ဘေးမှာ လည်းကျတော် မရှိ :)

သူ ကျတော့်ကို ပြန်ချစ်နိုင် လား
သူ့ ကိုတော့ ကျတော် တသက်သုံးချစ်မှာ :)

ကိုယ့်ဘေးနားမှာ မင်းမရှိလည်း

ကိုယ့်နားမှာ ဘယ်သူမှမရှိခဲ့ဘူး.. :)

မင်းနားမှာ ကိုယ်မရှိလည်း
မင်းအဆင်ပြေရင် ကိုယ်ကျေနပ်တယ် :)




စန္တာကိုအတွက်

August လ ၁၇ ရက်နေ့ က ဆိုရင် ကျတော့်  သူငယ် ချင်းတယောက် ရောက်လာတယ်... သူ ကကျတော့်ကို အရမ်းခင်တယ်.. ကျတော် ကလည်း ခင်တယ်...ဗျာ..သူကို ကျတော် နေရာစုံအောင် လိုက်ပို့ ခဲ့တယ်...ကျတော် တော်တော် လေးပျော် ခဲ့သေးတယ်..ကျတော့် သူငယ်ချင်း က ကျတော် ထင် ထားသလို ပဲ ကျတော့် အပေါ်မှာကောင်းခဲ့တာကို ကျေးဇူးလည်း
တင်တယ်..သူကို ကျတော် ပျော် အောင်ထားခဲ့တယ်..ကျတော် ပြောခဲ့တယ် စကားကို ယုံစေချင်လို့ ပေါ့ ...ကျတော်က သူငယ်ချင်း တွေ အပေါ်မှာတော်တော် လေးကောင်းချင်တယ်။။



It’s early in the morning soon
another day will dawn
I can’t wait to feel your arms around me again
I believe that we could
lay down the world
together we could live the dream that never ends
Open up the door
just a little more
baby let me in

You are the one, You are the one
who can make moments last forever
The one that makes the sun shine where ever you go,
You are the one
why make it harder, than it has to be
just listen, I’ll give you love if you’ll give me your heart

Everytime I near you
time is standing still
there’s nothing you can’t fix
with your heavenly smile
I would never leave you my love is for life
taking things for grandet
was never my style
Just give a little love
say you’ll never stop
I’ll do anything
You are the one, You are the one
who can make moments last forever
The one that makes the sun shine where ever you go,
You are the one why make it harder, than it has to be
just listen, I’ll give you love
If you’ll give me your heart
And I’ll do anything
if you give me your heart
ahh ahh yeah
I’ll do anything
You are the one, You are the one
who can make moments last forever
The one that makes the sun shine where ever you go
give a little love
say you’ll never stop and I’ll do anything
I’ll give you love if you’ll give me your heart
ohhhhh ohhhhh

who can make moments last forever
The one that makes the sun shine Where ever you go
you are the one why make it harder, than it has to be
just listen, I’ll give you love if you’ll give me your heart

ဒီတလော ကျတော် Blogging ခြင်းကို ရပ်နားထားမယ် လို့ ပြော ပြ လို ပါတယ်.. ကျတော်မှာ လုပ်စရာလေးတွေ ကျန်နေသေးလို့  ခဏလေး ဖြစ်ဖြစ်ရပ်နားထားပါမည်

ဒီနေ့ တော့ ကျတော် ကျောင်းပြေးလာတယ်ဗျို့ အတန်းတွေက မတက်ချင်တဲ့ အတန်းတွေပဲဆိုတော့ ကျောင်းကတော့ ၁ပတ် မှာ ၂ရက်မတက်ရင် ကျောင်းအုပ်ဆီသွားပြီး Auto သွားထိုးရမှာလေ ဒါပေမယ့် မမူ့ တော့ပါဘူး။။

ကျောင်းပြေးလေးပါ
"ကျောင်းပြေး..ဒီနာမည်အပေါင်းများကပေးကြတယ်...
ကျောင်းပြေးပြေး နူတ်ခမ်းမွေးလို့ အားလုံးဝိုင်းလို့ နောက်နေလည်း..
and more...."




(no title) -

သားတို့် တီတာ ငယ်စဉ်အခါ
မပျက်မယွင်း (မေတ်တာ) နှင်းပြီး
စောင့်ရှောက် သွန်သင်ဆုံးမသော
ချစ်သောမေမေ။

အရွယ်တထောက် ပညာဂုဏ်မောက်ပြီး
ငါသိငါတက် ငါကိုဖက်ပြီး
ထင်ရာဇွတ်ပြင်း စိုင်းကာနှင်းသည့်
သားမိုက်ကိုပင် (မေတ်တာ) မပျက်
ချစ်ခင်လျက်သာ လမ်းမှန်အရောက်
ပို့ ဆောင်နှင်းသော
ချစ်သောမေမေ။

မသိ (မလိမ်မာ) ငယ်စဉ်အခါ
မိုက်ရိုင်းစော်ကား ထင်ရာစိုင်းသမျှ
ရှိခိုးဦးတင် တောင်းပန်ချင်သည်
မေမေ သိနိုင်ပါစေသား….။

စကားလုံးနှစ်လုံးတည်း
ရှိပေမယ့်
တစ်လောကလုံးက
စကားလုံးတွေမှီမည်မထင်
မှီမည်(မယ်)ဆို အံ့တုလို့ မရ
တုနှိုင်းမဲ့ကင်းမွေးမိရင်းကို
ဆင်းရဲပူဆူစိတ်ကိုရူးအောင်
မပြုလုပ်
ဆောင်ရွက်သူ
ထိုသူသည်ကား
အဖိုးတန်ရတနာပင်တည်း။

တစ်ပွင့်ဆန်းလှပန်းအလှကို
မြတ်နိုးလျက်သာချစ်နေပါလည်း

နေမီးပူရဲလောကဒါဏ်ထဲ
ကြမ်းတမ်းခက်ရော်
သူမပျော်စေလို
ပျော်နေလျက်သာ
ဥယျာဉ်ဝန်နာထဲ
မဆွတ်မလှမ်း
ပန်းမနွမ်းးဖို့ 
စံမြန်းပင်ထက်တင့်တယ်စေ။

ကြေကွဲတဲ့နေ့ 
ဒိုင်ယာရီမှာရှိသေးတယ်
နှလုံးသားမှာမှတ်ထားတယ်….

အဲ့ဒီနေ့ 
မင်းငါ့ကိုချန်ထားခဲ့တယ်
လာမယ်ပြောပြီးပြန်သွားတယ်
ဒိုင်ယာရီကိုဖတ်တိုင်း
နှလုံးသားတစ်ချက်ခုန်တိုင်း
နာကျင်လို့ မျက်ရည်တွေစီးကျ

သြော်…. အချစ်ရယ်..
သေသွားတာမှကောင်းလိမ့်မယ်….။

(၁ ၆ ၂၀၀၇)

လမိုက်ညရဲ့အမှောင်ကို
ရင်ဆိုင်ဖို့ အားငယ်မိတယ်
ငါ့မှာအလင်းရောင်မှမရှိတာ
ဒါပေမယ့်လပြည့်ညကိုရောက်ဖို့ 
ငါကျော်ဖြတ်ရမှာပဲ
ဒီမျော်လင့်ချက်နဲ့ရှင်သန်ခဲ့တာပါ။

မျော်လင့်ချက်ကိုရိုက်ချိုးပြီး
ငါ့ဘ၀ကို မလှောင်ချင်ပါနဲ့ 
ငါ့ဘ၀မှာနင်မရှိရင်
ဆုံးပြီး ရှုံးရတော့မယ်….။

စာနာတက်ရင်
ဘ၀အတွက်အလင်းတွေ
ပျော်၇ွင်မှုအတွက် ပျက်လုံးတွေ
ငါ့အတွက်မင်းလေးကို
ရင်ခွင်ထဲ
သော့ခတ်သိမ်းထားခွင့်ပြုပါ…။

ကျောင်းဝင်းထဲကိုငါလှမ်းလျှောက်
တွေ့ တဲ့အတွဲ ငါလိုက်နောက်
မျက်စိတဆုံးငါမျှော်ကြည့်
အတွဲတွေကတပုံကြီး
နောက်လိုက်မိသည့်ဒီပါးစပ်
အမြုပ်ထွက်မတက်။

အတန်းထဲကိုငါလှမ်းဝင်
ဆူညံလိုက်တာအလွန်ပင်
မခံနိုင်လို့ ပြန်ပြေး
ကျောင်းဝင်းထဲကကန်တင်းလေး
ကန်တင်း ရောက်မှနားအေး
မျက်စိလေးကိုအလုပ်ပေး။

မျက်စိညောင်းမှငါထပြန်
အတန်းထဲသို့ အချိန်မှန်
ဝင်ခွင့်တောင်းကာငါလှမ်းဝင်
Roll Call မခေါ်ခင်။

ထမင်းစားသည့်အချိန်ရောက်
ကန်တင်းဆီသို့ နောက်တခေါက်
အဖော်အပေါင်းနဲ့ အတူထိုင်ပြီး
ကန်တင်းထဲမှာဂစ်တာတီး
ဂစ်တာတီးလို့ လက်ညောင်းပြန်
အချစ်(ကစ်စ)ဆွေးနွေးတဖန်
လိုင်စင်မရှိသည့်တို့ အဖွဲ့ 
လိုင်စင်ရဖို့ ဖလှယ်ရင်း
တယောက်အကြံတယောက်လက်ခံ
ရည်းစားစကား လိုက်ပြောရန်
လိုက်ပြောဖို့ အတွက်အားတင်းအသွား
သူ့ ရှေ့ ရောက်မှ အသံပျောက်သွား
မျက်နာငေးရင်း လှည့်ပြန်မိ
စတွေ့ တည်းက ခုချိန်ထိ။

စွဲလမ်းခြင်းဆိုတာ…
ဟစ်အော်လို့  လှစ်ဖေါ်ကြတာ ရှိသလို
နင့်နေအောင် ရင်ထဲအပြည့်
တိတ်တဆိတ် မျိုသိပ်ပြီး
ဆိတ်ဆိတ်ကလေး လွမ်းနေကြတာလဲ
အများသားပေါ့။

လူဆိုတာ အခက်သား
မပြောဘဲ ဘယ်သိမလဲတဲ့၊
ခံစားမှု တစုံတရာကို
တရားသဘင်မှာ စကားပလ္လင်ခံပြီး
ပြောရမှာလား ကွာ…

တိတ်တဆိတ် မင်းအပြုံးတွေ
ကြိတ်ကြည့်တတ်သူ တယောက်ကို
မင်းတနေ့ ဖမ်းမိခဲ့ရင်တော့
ရင်ထဲက မပြောဖြစ်တဲ့ စကားတွေကို
မင်းတချက်လောက်တော့ ရိပ်မိမှာပါ
တပွေ့တပိုက် မေတ္တာတွေနဲ့
တိတ်တိတ်ကလေး ပြုံးနေသူကို
မင်းတနေ့တော့ ဂရုစိုက်မိမှာပါ ကွာ…

မဖြစ်သင့်ပါဘူး။
ငါ့ကဗျာတွေ ကာရန်မဲ့ခဲ့ရ
ငါ့စကားတွေလည်း ဆွံ့အ
မနက်ခင်းတွေတောင်မှ မလှပတော့တာ ကြာပေါ့။


ချစ်သူ...
သနားသောအားဖြင့်
ကြင်နာသောအားဖြင့်
ချစ်ခြင်းအားဖြင့်
ငါ၏ ဒုက္ခနွံတွင်းမှ ကယ်တင်လှည့်ပါ။

ချစ်သူ၏ အပြုံးတစ်ချက်
ငါခရီးဆုံးထိလျှောက်ရန် လိုအပ်သောအား ဖြစ်စေ။
ချစ်သူ၏ မျက်ဝန်းတစ်စုံ
ငါ့ရင်ခုန်သံများမှပျိုးသော ကဗျာများအဖြစ်ပြောင်းအံ့။
ချစ်သူ၏ ယုယမှုအောက်
ငါထောက်မည့်ဒူးများအား မိုးကိုထိစေမည်။

ချစ်သူ...
ငါ့ဘ၀ထဲကို ၀င်လာလှည့်ပါ။
ငါ့အား ဖေးမလှည့်ပါ။
ငါ့အား ငြိမ်းချမ်းမှုပေးပါ။

သနားသောအားဖြင့်
ငါ့စကားများအား အသက်သွင်း
ကြင်နာသောအားဖြင့်
ငါ့ကဗျာများအား ကာရန်အပ်နှင်းပေးလော့။
ချစ်သူ၏ ထံပါး၌သာ
(ချစ်ခြင်းအားဖြင့်)
ငါ့မနက်ခင်းများ...လှပစေတော့မည်။

ကျတော် သူငယ်ချင်အကြောင်းတစ်ခါမှ မရေးဖူးဘူး ဒီတော့ ရေးကြည့်ရအောင်

ကျတော့်မှာ သူငယ်ချင်းတွေတော့ အများကြီးရှိခဲ့တာပေါ့ ။သူငယ်ချင်းတွေ ကမတူဘူး တချို့ ကျတော့ ဒီလို တွဲလာရင်းနဲ့ သူငယ်ချင်းဆိုပြီး ဖြစ်သွားတာ နောက်တစ်ခုကတော့ သူတို့ ထဲက ကောင်မလေးဖြစ်ဖြစ် ကောင်လေးဖြစ်ဖြစ် ကို ကြိုက်ပြီးတော့ ၀င်ရောပြီး ပေါင်းသင်းရင်းနဲ့ သူငယ်ချင်းဆိုပြီး ဖြစ်သွားကြပါရော

ကျတော့် မှာတော့ ဒီလိုမျိုး သငယ်ချင်း ၂ မျိုးလုံးရှိခဲ့ပါတယ်..ဒီထဲက ကျတော် အရမ်းခင်ရတဲ့ သူငယ်ချင်းတွေရဲ့ အပြုအမူတွေ အကျင်းစရိုက်လေးတွေ ကိုပြောပြချင်တယ် သူတို့ တွေ ကတော့ ကျတော် အရမ်းခင်တာပေါ့နော်
သူတို့ တွေက ကျတော့်ထက် အရမ်းတော်ကြတယ်..ကျတော်ထက်လည်း အရာရာမှာ သာလွန်စွာ တက်ကျွမ်း
နားလည်ကြတယ်..ကျတော်ကတော့ ဒီလို မဟုတ်ဘူး အဖက်ဖက်မှာ အားနည်းတယ်..

(ကျတော်ကတော့ ဒီထဲမှာ အညံ့ဆုံး(အရာအားလုံး) တစ်ခါတလေ သူတို့ ကို အရမ်း အားကျတယ်..သူတို့ လို မျိုး နေကြည့်တယ်..ဘယ်လို မှ မရဘူး)

သူတို့ တွေထဲမှာ ချမ်းသာတဲ့ လူကျတော့ သူဟာ အရာရာကိုနားလည်ခဲ့တယ်..(ငွေကြောင့်ပေါ့) လူတွေကို ကိုယ်ချင်းစာတယ်..မကောင်းတာက တစ်ခါတလေ သူဟာ အရမ်းစိတ်တိုတက်တယ်..ဒါပေမယ့် သူငယ်ချင်းတွေ
ကိုတော့ တော်တော်လေး ခင်တယ် ဒါပေမယ့်လည်း သူ့ မှာအကျင့်တွေ ပျက်နေတယ်. ကျတော်တို့ လည်း
ပျင်ပေးတာပဲ မရဘူး ပညာရေးမှာတော့ နည်းနည်း ချူချာတယ်..

နောက်တယောက်ကတော့ သူငယ်ချင်းတွေကို တော်တော်လေးခင်တက်တယ်..နေရာတကာလည်းဝင်ဆံ့တယ်.
အရာရာကို သူက သူ့ စိတ်ကူထည်းကလို ဖြစ်နေစေချင်တယ်..(စိတ်ကူယဉ်တယ်ပေါ့(ကျတော့်အမြင်ပါ)) သူမှာ လည်းရှေ့ကတယောက်လို ပဲ အကျင့်ဆိုးတစ်ခုရှိတယ်..

နောက်ထက်သူငယ်ချင်းတွေကျတော့ တော်တော်လေးကောင်းကြပါတယ်..

ကျတော်အကြံပြုချင်တာတော့ သူငယ်ချင်းဆိုတာ (မိတ်ဆွေ) ကောင်းတဲ့ သူငယ်ချင်းရှိသလို မကောင်းတဲ့ သူငယ်ချင်းတွေ လည်းရှိကြတယ်..ဆိုတာကို ကွဲကွဲပြားပြား သိအောင်ကြိုးစားစေလို ပါတယ်..

ဥပမာ..သူက ကိုယ်အတွက် ကောင်းတယ်လို့ ထင်ရင်(အရာရာမှာပေါ့) သူ့ ကို အနီးကပ်ပေါင်းပြီး သူ့ အကျင့်လေးတွေ ဘယ်လိုရှိတယ်ဆိုတာကို လေ့ လာရင်း ပေါင်းသင်းပေါ့ သူ့ ကို လည်း ကိုယ် မကြိုက်တဲ့ အကျင်းလေးတွေ ကို ပြော ပြီး (ဒီလိုမျိုးကတော့ မကောင်းဘူးကွာ ဒီဟာကတော့ ကောင်းတယ်) တော့ တိုတိုင်ပင်ပင် နေပေါ့ ဒီ လိုဆိုရင် သူလည်း ကိုယ့် အပေါ်မှာ ကောင်းမှာပေါ့

သူငယ်ချင်း
မင်းနဲ့ မတွေ့ ရတာ ကြာနေပါပြီကွာ
တယောက်တည်း နေရတာ ငါ ဘာလို့ မပျော်တာလဲ

မင်းရှိတဲ့ အချိန်တွေကိုပဲ သတိရနေတယ်
ဖြစ်နိုင်ရင် အရင်ချိန်တွေ ကိုပြန်လိုချင်တယ်

မင်းကို မတွေ့ ရပေမယ့်
မင်းကိုတော့ သတိရနေစမြဲပါ

ငါတို့ အတူတူ သွားခဲ့တဲ့ နေရလေးတွေ
အစားအသောက်လေးတွေ
တွေ့ လိုက်တိုင်း မင်းကို ပဲ
သတိရနေမိတယ်..

နောက်ဆုံးကုန်ကုန်ပြောမယ်ကွာ
မင်းကိုလေ
ငါ ဒီလောကထဲမှာမရှိတော့ရင်တောင်
မင်းနားမှာ ငါ့ဝိညာဉ် ရှိနေမယ်ဆိုတာ
မင်းယုံကြည်ပေးပါ
(ကျတော့်ကို အရမ်းခင်တယ်ဆိုတဲ့ သူငယ်ချင်းတယောက်အတွက်)

Recent Posts

ပြောခဲ့ကြပါ (ထင်မြင်ချက်)


Recent Comments

ဘယ်ကနေလိုက်လာတာလဲ

ဒီနေ့ ကျော်လင်းထွန်း

Blog ကိုဒီထက်ကောင်းအောင် ကြိုးစားနေပါတယ်ဒီတခါတော့ Flash သီချင်းတွေတင်နေပါတယ်....ကျတော် ချစ်တဲ့ ကောင်မလေး အတွက်လည်းPost တွေရေးနေပါပြီ...


Close To You