အချိန်ပေါ့နော်

ဒီလောက်လာ ကြည့်ပြီးပြီ

ကျတော့် ဘော့ List

ကျတော့် အကြာင်းလေးတွေ

ကျတော်ကတော့ Blogger တစ်ယောက်
ဖြစ်ဖို့ ကြိုးစားနေတဲ့ လူငယ်တစ်ဦးပါ အကြံအဥာဏ်များပေးပို့ နိုင်ပါတယ်...

စာဖတ်နေတယ်..တိုးတိုးလေးနေ

Cry On My Shoulder

ယနေ့ ကြွလာမိတ်သဟာ ချမ်းသာကိုယ်စိတ် မြေ့ပါစေ

မဖြစ်သင့်ပါဘူး။
ငါ့ကဗျာတွေ ကာရန်မဲ့ခဲ့ရ
ငါ့စကားတွေလည်း ဆွံ့အ
မနက်ခင်းတွေတောင်မှ မလှပတော့တာ ကြာပေါ့။


ချစ်သူ...
သနားသောအားဖြင့်
ကြင်နာသောအားဖြင့်
ချစ်ခြင်းအားဖြင့်
ငါ၏ ဒုက္ခနွံတွင်းမှ ကယ်တင်လှည့်ပါ။

ချစ်သူ၏ အပြုံးတစ်ချက်
ငါခရီးဆုံးထိလျှောက်ရန် လိုအပ်သောအား ဖြစ်စေ။
ချစ်သူ၏ မျက်ဝန်းတစ်စုံ
ငါ့ရင်ခုန်သံများမှပျိုးသော ကဗျာများအဖြစ်ပြောင်းအံ့။
ချစ်သူ၏ ယုယမှုအောက်
ငါထောက်မည့်ဒူးများအား မိုးကိုထိစေမည်။

ချစ်သူ...
ငါ့ဘ၀ထဲကို ၀င်လာလှည့်ပါ။
ငါ့အား ဖေးမလှည့်ပါ။
ငါ့အား ငြိမ်းချမ်းမှုပေးပါ။

သနားသောအားဖြင့်
ငါ့စကားများအား အသက်သွင်း
ကြင်နာသောအားဖြင့်
ငါ့ကဗျာများအား ကာရန်အပ်နှင်းပေးလော့။
ချစ်သူ၏ ထံပါး၌သာ
(ချစ်ခြင်းအားဖြင့်)
ငါ့မနက်ခင်းများ...လှပစေတော့မည်။

0 comments

Post a Comment

Recent Posts

ပြောခဲ့ကြပါ (ထင်မြင်ချက်)


Recent Comments

ဘယ်ကနေလိုက်လာတာလဲ

ဒီနေ့ ကျော်လင်းထွန်း

Blog ကိုဒီထက်ကောင်းအောင် ကြိုးစားနေပါတယ်ဒီတခါတော့ Flash သီချင်းတွေတင်နေပါတယ်....ကျတော် ချစ်တဲ့ ကောင်မလေး အတွက်လည်းPost တွေရေးနေပါပြီ...


Close To You